Friday, November 29, 2013

Bootable USB Memory Stick

USB Memory  Stick ကို အသုံးပြု၍ bootable အနေနဲ့
windows တင်လို့ရအောင်
ပြောင်းပေးတဲ့ Software လေးပါ ...

လိုချင်ရင် ဒီမှာ ဒေါင်းပါ

Tuesday, November 26, 2013

Notepad ++ Version 6.5

Programming တော်တော်များများကို
Source Code ရေးရန် အသုံးပြုနိုင်တဲ့
Software လေးပါ..

ဒီမှာနှိပ်၍ ဒေါင်းပါ

Monday, November 25, 2013

UCSY , UCSM , COE တဲ့

ကိုယ့်နိုင်ငံမှာ အလိုလိုမှ စည်းလုံးမှု လျှော့နည်းနေတယ် ...

ဘေးပတ်ဝန်းကျင်မှာ သွေးခွဲမည့် သူတွေ ၀ိုင်းဝိုင်းကို လည်လို့ ...

ပြသနာပေါင်းကလည်း သောင်းခြောက်ထောင် တတ်နေတဲ့အချိန် ...

နည်းပညာ ဘက်ကို ကြည့်အုံး ... အားလုံးက ... နိမ့်ပါးနေကြချိန်မှာ

လူငယ်ပညာတတ် IT သမား ( ကွန်ပျူတာတက္ကသိုလ်ကျောင်းသား/သူများ) က နိုင်ငံတိုးတက်အောင်
IT ဘက်က India ကို မမှီရင်တောင် Singapore ထက်ပိုတော်အောင် ၀ိုင်းဝန်းကြိုးစားကြရမယ့်အစား

အတူတူ လက်တွဲပြီး ကြိုးစားကျမှ သူများ နိုင်ငံကို အမှီလိုက်နိုင်မှာ ...
ဒါတောင် သူတို့က တစ်ကျောင်းနဲ့တစ်ကျောင်း မဟုတ်တာတွေ သွားပြိုင်နေကြသေးတယ် ...

ကောင်းလိုက်တဲ့ အနာဂတ် မျိုးဆက်သစ် IT ကွန်ပျူတာပညာရှင်တွေ ...
ဒီလိုသာလုပ်နေရင် နောက် နှစ်ပေါင်း ၂၀ ထိတောင် သူများနိုင်ငံမှာ ကျွန်ခံကြရအုံးမယ် ...

                                                                                               ( Wanchat )
                                                                               1998-2003 UCSM Third Bath

Friday, November 22, 2013

အင်တာနက်မှ ဗီဒီယို ဖိုင်များ (*.flv) တွေကို ကြည့်လို့ရတဲ့ Software လေးပါ

ကျွန်တော့် ရဲ့ သားလေး နှစ်ယောက် ပုံပါ ...

ကိုယ့်အတွက်ဆိုတဲ့ အချိန်တွေဟာ
တဖြည်းဖြည်းနဲ့ သူတို့အတွက်ပဲ ဖြစ်လာတယ် ...

ကိုယ့်အတွက်ဆိုတဲ့ ပညာတွေဟာ
တဖြည်းဖြည်းနဲ့ သူတို့အတွက်ပဲ ဖြစ်လာတယ် ...

ကိုယ့်အတွက်ဆိုတဲ့ ခွန်အားတွေဟာ
တဖြည်းဖြည်းနဲ့ သူတို့အတွက်ပဲ ဖြစ်လာတယ် ...

ကိုယ့်အတွက်ဆိုတဲ့ မျှော်လင့်ချက်တွေဟာ
တဖြည်းဖြည်းနဲ့ သူတို့အတွက်ပဲ ဖြစ်လာတယ် ...

ဓလေ့တဲ့

ဟော.. ဒင်းလဲဆုံးပြီဆိုရော အရပ်ထဲကလူတွေကိုခေါ် ရေမိုးချိုးပေးပြီး ကျောက်ဖရုံသီးအောက်ခံထားတဲ့ အေးကုတင်ပေါ်မှာတင်တယ်။ နယ်ဝေးကဆွေမျိုးတွေကိုစောင့်ရင်း သုံးရက်၊ ငါးရက်၊ ခုနှစ်ရက်.. ဒါမှမဟုတ် မပုပ်မချင်း အလောင်းပြင်ထားတယ်။

ဒါကတော့ ချစ်ရင် ချစ်သလိုပဲ။ မချစ်ရင်တော့ ခုသေ ခုချက်ချင်း ဂျောင်းဆိုပြီး ဗျင်းထည့်လိုက်တာပဲ။
အလောင်းပြင်တဲ့အခါမလဲ သေရာကပြန်ထမလာအောင်တဲ့... ခေါင်းက ဆံပင်တွေကိုနည်းနည်းဖြတ်ပြီး လက်မနှစ်ချောင်းနဲ့ ခြေမနှစ်ချောင်းကို ပူးချည်တယ်။ ဖွဟဲ့ မပြောကောင်းမဆိုကောင်း သေရာကပြန်ထလာရင် လမ်းလွဲပြီး မျက်စိလည်သွားအောင် အပေါ်ဝတ်အင်္ကျီလေးလဲ ပြောင်းပြန်ဝတ်ပေးလိုက်သေး။

စတိုင်တစ်မျိုးပါ့.. ဟေးဟေး
ပြီးတော့ ဘတ်စ်ကားတောင် တစ်ရာကျပ်နဲ့စီးမရတဲ့ခေတ်ကြီးမှာ အကြွေတစ်မတ်ကို ပါးစပ်ဖြဲပြီး ကူးတို့ခဆိုလားဘာလား သုံးချင်ရာသုံးဖို့ ထည့်ပေးတယ်။ ကြည့်ရတာ တမလွန်ဆိုတာ မြစ်ဟိုဘက်မှာ ရှိပုံပဲ။ ကုန်ဈေးနှုန်းကလဲ ဘိုးတော်ဘုရားခေတ်ကလိုပဲ နေမပေါ့။

စောစာကလို အလောင်းကို ပြန်ထ မလာအောင်သာ ချည်ထားတုတ်ထားတယ်သာပြောတယ်.. သေတဲ့သူ ညကျ ဆာရင် အစာပြေ ထစားဖို့ဆိုပြီး ခေါင်းရင်းမှာ ထမင်းလေးဟင်းလေးနဲ့ သပ်သပ်ယပ်ယပ် အသင့်ပြင်ထားလိုက်သေး။ တစ်ချို့များကျ ခေါက်ဆွဲကြော်ထုတ်ကို အချိုရည်ကလေး ဆေးလိပ်ကလေးတောင် ပါလိုက်သေး။ အလိုက်သိတတ်ပုံများ ပြောပါတယ်။
အဲ.. ဆွေမျိုးတွေစုံလို့ သချိုင်းကုန်းကို ပို့တော့မယ်ဆိုရင် မသေခင်တစ်သက်လုံး မအားလို့မတင်ခဲ့ရတဲ့ သရဏဂုံကို ဖုတ်ပူမီးတိုက် ကောက်ကက်တင်တယ်။ ပြီးတော့ ဒင်းနဲ့ ငါတို့ သေခန်းပြတ်ပါပြီ အိုးစားကွဲပါပြီဆိုတဲ့ သဘောနဲ့ မြေအိုးတစ်လုံးကို အလောင်းအိမ်က ထွက်ထွက်သွားချင်း ဂွမ်းကနဲချပြီး ခွဲတယ်။ အဲသည်အချိန်မှာ တိုင်ပင်ကိုက်.. ဝမ်းတူးသရီး.. အားလုံးဝိုင်းငို။

အဲ အလောင်းကို မြေချလို့ (ဒါမှမဟုတ်) မီးရှို့လို့ပြီးရင်တော့ အသုဘလိုက်ပို့သူတစ်ယောက်ယောက်က တာဝန်ယူပြီး သစ်ကိုင်းတစ်ကိုင်းချိုးပြီး သေတဲ့သူရဲ့ ဝိဉာဏ်(သို့) တစ္ဆေကို ဘယ်သူနဲ့မှ စကားမပြော တုံဏိဘာဝေလုပ်ပြီး အိမ်ပြန်ခေါ်လာရပြန်ပါလေရော။ တစ္ဆေခေါ်လာတဲ့လူ အိမ်ထဲပြန်ဝင်တော့ အိုးစားခွဲထားပါတယ်ဆိုတဲ့ အိုးခြမ်းပဲ့လေးတောင် တက်နင်းသွားလိုက်သေး။ ဂျွတ်ကနဲပဲ။
အိမ်ရောက်ပြီဆိုတာနဲ့ အဲသည့် တစ္ဆေပါတဲ့ သစ်ကိုင်းကို အိမ်တိုင်မှာချည်ထားပြီး အိမ်သားတွေ တစ္ဆေကြောက်မှာစိုးလို့ အသုဘရက်မလည်မချင်း ဖဲဝိုင်းကို နေ့မီးညမီးရိုက်ပြီး စောင့်အိပ်ပေးကြပြန်တယ်။ ချစ်စရာ ဓလေ့။

ဟောရက်လည်ဆွမ်းလဲကပ်ရော.. ဘုန်းကြီးတရားနာဖို့ အိမ်မှာခေါ်ထားတဲ့ တစ္ဆေကို အနားလာခိုင်းပြီး ကျွတ်အောင်လွတ်အောင်လို့ အမျှဝေသမျှကို သာဓုခေါ်ခိုင်းပြန်တယ်။
ဘုန်းကြီးတွေ ပြန်ကြွသွားရင်တော့ သုဿန်ကခေါ်လာတဲ့တစ္ဆေလဲ လစ်ပြီလို့မှတ်။

ပြီးတော့လဲ စားမြဲ၊ သောက်မြဲ၊ ဟီလာထမြဲ၊ ရွမြဲ၊ ပွမြဲ၊ ဖွမြဲ၊ ဆွမြဲ… မြဲ.. မြဲ.. မြဲ

ဘာရယ်တော့မဟုတ်ပါဘူး။

(မူရင်းရေးသားသူ JL Tkg )

လူငယ် ..... လူလတ် .... အတွေး

လေ့လာတယ် ...
ရှာဖွေတယ် ...
မျှဝေတယ် ...
သင်ပေးတယ် ...

ထို့အတူ

ငါ့အိမ်မက်တွေ မှိန်လာတယ် ...
မျှော်လင့်ချက်တွေေ၀၀ါးလာတယ် ...
ငါ့အသက်ကလည်း ကြီးလာတော့တယ် ...
ကိုယ့်အတွက် ပေးတဲ့ အချိန်တွေ နည်း နည်း လာတယ် ...
သူများအတွက် ပေးရတဲ့ အချိန်တွေ များ များ လာတယ် ..

( ဟင် ... ဟိုလိုလို ဒီလိုလိုနဲ့ ငါ့အသက်တောင် ၃၀ ကျော်လာပြီ )

                                                 Wanchat

Friday, November 15, 2013

လက်ပံတောင်းမှာ ပစ်ခတ်မှု ဖြစ်ခဲ့လို့ ဒေသခံတွေ ဒဏ်ရာ အပြင်းအထန်ရ

BBC News, 15November 2013  —   လက်ပံတောင်း တောင် ဒေသ မိုးကြိုးပြင် တောင်ရွာထိပ် ပုသိမ် မုံရွာ လမ်းမမှာ မနေ့ညက ရဲနဲ့ ဒေသခံတွေ အချင်းများပြီး ပစ်ခတ်မှု ဖြစ်ပွားလို့ ဒေသခံ အချို့ ထိခိုက် ဒဏ်ရာ ရခဲ့ပါတယ်။
အခင်း ဖြစ်ပွားပုံနဲ့ ပတ်သက်ပြီး လက်မောင်း ဒဏ်ရာ ရသွားတဲ့ တောင်ရွာ ဒေသခံ မအေးစန်း က ရှင်းပြရာမှာ စဖြစ်တဲ့ အချိန်တုန်းက ‘ လာကြပါဦး ၊ ရဲတွေက မောင်းထုတ်ပြီး အတင်းဝင်လာလို့ ‘ ဆိုတဲ့ အော်သံ ကြားရလို့ ရွာသားတွေက ပြေးကြည့်ကြတာ ဟိုရောက်တော့ ရဲကားတွေက လူတွေဆီ အတင်း ပြေးဝင်လာတာ ဖြစ်တယ်လို့ သူက ပြောပါတယ်။
အဲဒီနောက် လူတွေက ဝါးလုံးတွေနဲ့ တားကြပြီး ရဲတွေက လေးဂွတွေနဲ့ စပစ်ခဲ့တာ ဖြစ်တယ် ၊ ရွာသားတွေက စမှန်ခဲ့တဲ့ အခါ ကျတော့ ကိုယ့်ရွာမှာ ဒီလိုလာဗိုလ် ကျလို့ ရမလား ဆိုပြီး ပြန်လည် ခုခံကြတာလို့ မအေးစန်းက ဆိုပါတယ်။
တခါ လူတွေက နောက်ဆုတ် နောက်ဆုတ်နဲ့ အဲဒီ အခါ ဝမ်ပေါင် က ရဲကား ၁၇ စင်းက အတင်း ဝင်လာတာတယ် ၊ အဲဒီ အချိန်မှာ လူတွေက ဝါးလုံးတွေနဲ့ တားတဲ့ အခါ နောက်မဆုတ်တော့ သူတို့က ခွတွေနဲ့ တအားပစ် ၊ လူတွေက ပြန်ခုခံတော့ သူတို့က သေနတ်နဲ့ ပစ်ခတ်ခဲ့တာကို သူက ပြောပါတယ်။
အဲဒီလို ပစ်ခတ်ရာမှာ ခြောက်တဲ့ အနေနဲ့ မဟုတ်ဘဲ လူတွေကို ချိန်ပစ်တာလို့ သူက ဆိုပါတယ်။
ပစ်ချက်ကလည်း အများကြီး ဖြစ်ပြီး သူ့အထင် အချက် ၈ဝလောက် ရှိမယ်လို့ ပြောပါတယ်။
သေနတ်ပစ်ခတ်မှုကြောင့် သူ့ ညာလက်မောင်း တံတောင်ဆစ်အောက်မှာ ဒဏ်ရာရခဲ့ပြီး ဒဏ်ရာက နက်တယ် ၊ လက်တွေက ထုံပြီး သွေးတွေ တအားထွက်ပေမယ့် ဆေးရုံဆေးခန်း သွားပြရင်လည်း စစ်ဆေးမေးမြန်းမှုတွေက များလွန်းလို့ အခုတော့ အင်္က࿿ျီနဲ့ဘဲ စည်းထားတယ် ၊ အဲဒီ အင်္က࿿ျီမှာတော့ သွေးတွေ နစ်နေတယ်လို့ မအေးစန်းက ဆိုပါတယ်။
ပစ်ခတ်မှု ဖြစ်ပြီးချိန်မှာ ရဲကား ချထားကြောင်း သိရပါတယ်။
အခုတော့ သူတို့တွေ ပြန်ဆုတ်လာခဲ့ပြီ ၊ ဒဏ်ရာရတဲ့သူများတယ် ၊ သေနတ်နဲ့ လေးဂွ မှန်သူ အားလုံး ၇ယောက် ရှိတယ်လို့ ဆိုပါတယ်။
ညာဘက် ရင်မှာ မှန်တဲ့ လူရွယ်လေးရဲ့ ဒဏ်ရာကတော်တော် ပြင်းထန်ပြီး ကောင်လေးက ငယ်တော့ သွေးလန့်နေတယ်လို့ သူက ပြောပါတယ်။
ကောင်လေးရဲ့ နာမယ်က စိုပြေအောင် ဖြစ်ပြီး မိုးကြိုးပြင် အရှေ့နားက ရဲစခန်းချထားတဲ့ အနောက်ဖက် စံလေးရွာကလို့သိရပါတယ်။
နောက်ထပ် ရဲကား ၁၅ ကား ထပ်မံ ချထားကြောင်းလည်း သတင်းရရှိပါတယ်။
ဒါ့အပြင် ပစ်ခတ်မှု ဖြစ်ပွားရာ အနားက ခြံဝင်းထဲ ကျည်ဆံဝင်လို့ အမျိုးသား တယောက် ခြေသလုံး ဒဏ်ရာ ရရှိ ခဲ့ပါတယ်။
ဒီပစ်ခတ်မှုတွေနဲ့ ပတ်သက်လို့ ဝမ်ပေါင် ကုမ္ပဏီက ရဲတာဝန်ရှိသူ တွေကို ဆက်သွယ် မေးမြန်း ခဲ့ပေမယ့်လည်း ဖြေကြားနိုင်ခြင်း မရှိပါဘူး။
ရဲက အခင်းဖြစ်ပွားရာမှာ ရှိတဲ့ သတင်းထောက် ၂ ယောက်ကို ဆဲရေးပြီး သူတို့ ရိုက်ထားတဲ့ ဓာတ်ပုံတွေကို ဖျက်ဆီး ခိုင်းတယ်လို့လည်း ယူနတီ ဂျာနယ်က သတင်းထောက် ကို ကျော်နိုင်က ဘီဘီစီကို ပြောပါတယ်။

ရန်ကုန်တဲ့

 lorem    ip sum A Good Day